- Join Security Area (2000)
တောင်၊မြောက်ကိုရီးယား နယ်စပ်မှာ မြောက်ကိုရီးယားစစ်သားနှစ်ယောက် ပစ်သတ်ခံရတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြစ်တင်ကြပြီး အဖြေရှာကြတယ်။ အောက်ခြေကအဖြစ်အပျက်တွေသိဖို့အတွက် ကော်မရှင်တစ်ခုဖွဲ့ပြီး အဲဒီညက အမှန်တစ်ကယ် ဘာဖြစ်ခဲ့လည်းဆိုတာကို အဖြေရှာကြတဲ့ ဇာတ်ကားပါ။
2. Sympathy for Mr.Vengeance (2002)
အသည်းအစားထိုးဖို့လိုအပ်နေတယ့်အစ်မတစ်ယောက်အတွက် အလုပ်လုပ်နေတယ့် စကားမပြောနိုင်သူတစ်ယောက်အကြောင်းပါ။ ဒေါသထွက်လွယ်တဲ့ လူကလီစာကုန်ကူးသူနဲ့တွေပြီး သဘောတူခဲ့တယ်။ သူက သူ့အသည်းကိုရောင်းပြီး သူ့အစ်မခွဲစိပ်ဖို့ ၁၀သန်းရမယ်လို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံလုံး၀မရခဲ့ဘူး။ ဒါကြောင့် သူကောင်မလေးက သူ့သူဌေးသမီးလေးကို ပြန်ပေးဆွဲဖို့တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ပြီး ကလဲ့စားချေတယ့်လမ်းကြောင်းထဲမှာ ရောက်ခဲ့တော့တယ်။
ဒါရိုက်တာ Park Chan Wook ရဲ့ ၀မ်းနည်းစရာဇာတ်ကားသုံးကားထဲက ပထမဆုံးဇာတ်ကားပါ။
3. Memories of Murder (2003)
September 15, 1986 and April 3, 1991 အတွင်းဖြစ်ပျက်ခဲ့ပြီး လက်ရှိအချိန်ထိမဖြေရှင်းနိုင်သေးတယ့် ကိုရီးယားကွင်းဆက်လူသတ်သမားအမှုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အသက် ၁၄နှစ်ကနေ ခုနစ်ဆယ့်တစ်နှစ်အတွင်း အမျိုးသမီး ၁၀ ယောက် အသတ်ခံခဲ့ရပါတယ်။ လုံး၀လက်မလွှတ်သင့်တယ့် ဇာတ်ကားတစ်ကားပါ။
4. Silmido (2003)
တောင်၊မြောက်ကိုရီးယားကြားမှာ ဖြစ်ပျက်ခဲ့တယ့် တစ်ကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ မြောက်ကိုးရီးယားမှာရှိတယ့် ကျွန်းတစ်ကျွန်းပေါ်မှာ သေမိန့်ကြပြီးသား ရာဇ၀တ်သား ၃၁ ယောက်ကို မြောက်ကိုးရီးယားထဲသူလျှိုအနေနဲ့၀င်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးစကားဆိုဖို့ဖြစ်လာတော့ သူတို့ကို အပျောက်ရှင်းဖို့ အမိန့်ကျလာခဲ့တယ်။ မှတ်တမ်းတွေပါ ဖျောက်ခိုင်းခဲ့ပါတယ်။
5. Oldboy (2003)
ပုံမှန်ဘ၀၊ ပုံမှန်မိသားစုနဲ့ မိသားစုကို ဖြတ်သန်းနေတယ့်လူတစ်ယောက် သေတ္တာပုံစံ အခန်းငယ်ထဲမှာ ၁၅နှစ် ပိတ်လှောင်ခံခဲ့ရတယ်။ သူလွတ်လာတော့ သူ့ကို အဲဒီလိုချုပ်နှောင်ခဲ့တယ့်လူကို လိုက်ရှာခဲ့တယ်။ ဘာကြောင့် ပိတ်လှောင်ခံခဲ့ရလည်းဆိုတယ့်အဖြေကို ရှာချင်လို့၊ ဒါပေမဲ့ သူ့မေးခွန်းက မှန်ရောမှန်ရဲ့လား။ ဒီဇာတ်ကားမှာ ထိတ်လန့်စရာအခန်းတွေအများအပြားပါ၀င်လို့ အနည်းဆုံး ၁၇နှစ် အထက်မှ ကြည့်ခွင့်ပြုထားပါတယ်။ Choi Min Sik ရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားပါ။
6. Antarctic Journal (2005)
ကြောက်လန့်စရာ ဇာတ်ကားတစ်ကားပါ။
7. Sympathy for Lady Vengeance (2005)
လီဂွန်ဂျာက ပြန်ပေးဆွဲခြင်းအတွက် ၁၃နှစ်နဲ့ လူသတ်မှုအတွက် ၆ နှစ် ထောင်ချခဲ့ရပါတယ်။ သူလွတ်လာမယ့်အချိန်မှာ သူ့အပေါ်ဒီလိုလုပ်ခဲ့သူတွေကို ရှာခဲ့တယ်။ သူ့သမီးနဲ့ထောင်ကျဖော်ကျဖက်တွေက ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုလက်စားချေခြင်းဟာ သူ့အတွက် စိတ်သက်သာရာရစေမှာလား။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။
8. A Bittersweet Life (2005)
လူဆိုးဂိုဏ်းထဲမှာတော့ ဆရာကြီးက အမြဲမှန်တယ်။ လီဗျောင်ဟွန်းရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားပါ။
9. A Dirty Carnival (2006)
ကိုရီးယားဂိုဏ်းစတားဇာတ်ကားတွေထဲက အကောင်းဆုံးတစ်ကားပါ။
10. A Bloody Aria (2006)
နွေဉီးရာသီမှာ အော်ပရာအဆိုတော် မိန်းကလေးတစ်ယာက်က သူ့ပရောဖက်ဆာနဲ့အတူ သုံးယောက်အတူသွားကြတယ်။ ပရော်ဖက်ဆာက မိန်းကလေးမလှမှာနစ်မြောပြီး အခွင့်အရေးယူတယ်။ ဒါပေမဲ့ လွတ်သွားတယ်။ တောထဲမှာလူနှစ်ယောက်နဲ့တွေ့ပြီး ကြွက်နဲ့ကြောင် ကစားကွက်ထဲ ၀င်ခဲ့တယ်။
11. Voice of a Murderer (2007)
နာမည်ကြီးသတင်းကြေငြာသူတစ်ယာက်ရဲ့သားဟာ ပြန်ပေးဆွဲခံရတယ်။ ပြန်ပေးက မိဘတွေက ငွေပေးရမယ့်နေရာကို ပြောခဲ့တယ်။ မိဘတွေက ဒီဖြစ်စဉ်တွေနဲ့ အတွေ့အကြုံရှိပြီးသားပါ။ ဒါပေမဲ့ ပြန်ပေးက သူတို့ရဲ့ခြေလှမ်းတိုင်းကို သိနေခဲ့တယ်။
12. The Chaser (2008)
တောင်ကိုရီးယားမှာ အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့တယ့် ကွင်းဆက်လူသတ်သမားအကြောင်းကို ရိုက်ကူးထားတာပါ။ အငြိမ်းစားအမှုလိုက်က ဇိမ်ခေါင်းအဖြစ် အလုပ်လုပ်နေတယ်။ သူ့ရဲ့ကောင်မလေးအချို့က ပျောက်နေခဲ့တယ်။ သူက ဖောက်သည်တစ်ယောက်တည်းဆိုတာကို နားလည်လိုက်တယ်။
13. Mother (2009)
သားကိုအရမ်းချစ်တယ့်အမေတစ်ယောက်အကြောင်းရိုက်ထားတာပါ။
Reference: moviesdrop













No comments:
Post a Comment