လူသားစားသူတို့နှင့်ကပ်ဆိုက်သူများရုပ်ရုင်က အမေဇုန်မိုးသစ်တောအတွင်းရှိ လူသားစုမျိုးနွယ်စုတွေအကြောင်း မှတ်တမ်းတင်ရိုက်ကူးရင်း ပျောက်ဆုံးသွားသော အဖွဲ့သားတွေကို ပြန်လည်ရှာဖွေတဲ့အကြောင်း ရိုက်ကူးထားတာပါ။
- ရုပ်ရှင်ကို အီတလီနိုင်ငံမီလန်မြို့မှာဖြန့်ချိပြီး ၁၀ရက်အကြာမှာ ဒါရိုက်တာတစ်ယောက် အီတလီတရားရုံးက ဖမ်းဆီခြင်းခံခဲ့ရပါတယ်။ ရုပ်ရှင်က ညစ်ညမ်းတဲ့ပြစ်မှုနှင့်အတူ တရားစွဲဆိုခံခဲ့ရပါတယ်။ သရုပ်ဆောင်အများအပြားသေခဲ့ရတယ်လို့ စွပ်စွဲပြီး ထောင်ချခဲ့ပါတယ်။ သရုပ်ဆောင်သူတွေက သူတို့ရုပ်ရှင်ထဲကလို သေတယ်လို့ထင်ဖို့အတွက် ရုပ်ရှင်မရိုက်ခင် စာချုပ်ချုပ်ခဲ့ရပါတယ်။ ရုပ်ရှင်ပြပြီး တစ်နှစ်အတွင်း ပုံးကွယ်နေဖို့ပါ။ ဒါ ကြောင့် သရုပ်ဆောင်တွေကို အမြန်ရှာခိုင်းပြီး ပြန်တွေ့တော့မှ လူသတ်မှုစွပ်စွဲချက်ကနေ လွတ်ခဲ့ပါတယ်။

မီးကင်နေပုံ - ၁၉၈၃ ဂျပန်မှာ E.T.the Extra နောက် ဒုတိယ ၀င်ငွေအများဆုံးဇာတ်ကား ဖြစ်ခဲ့ပါတယ်။

တံလျှင်လျှိုခံနေရပုံ - ရုပ်ရှင်ပိုစတာက မိန်းကလေးတစ်ယောက် တံလျှင်လျှိုခံနေရတယ့်ပုံပါ။ မိန်းကလေးက စက်ဘီးပေါ်မှာထိုင်နေပြီး သစ်သားချောင်းကို ပါးစပ်မှာ တင်ထားပြီး သွေးအတုတွေ လွှမ်းလိုက်တဲ့ပုံအဖြစ် ရိုက်ထားတာပါ။

ခြေထောက်ဖြတ်နေပုံ - အဓိကသရုပ်ဆောင်ကို အမေဇုန်တောနက်ထဲရောက်တော့ ဇာတ်ညွှန်းလည်းမပေး၊ ဘာဇာတ်ကားလည်းဆိုတာတောင် မသိဘူး။ ဒါရိုက်တာ ဒါက ငါ့ရဲ့လူဘဲ၊ မိတ်ကပ်လိမ်း စတော့လို့ပြောပြီး ခြေထောက်ဖြတ်ခံရတဲ့အပိုင်းစရိုက်ခဲ့တယ်။

ဉီးနှောက်လှီးနေပုံ - ဒါရိုက်တာက လူဉီးနှောက်အစား မျောက်ဉီးနှောက်အတုတွေကို ဒေသခံတွေကို စားခိုင်းခဲ့တယ်။
- လိင်ဆက်ဆံတဲ့အခန်းမှာ Francesca Ciardi က တောရဲ့အလယ်သွားပြီး Carl Gabriel Yorke ကို လာလုပ်ကြစို့လို့ ပြောပေမဲ့ ရည်းစားရှိလို့ ငြင်းခဲ့တယ်။ ဒါကြောင့် ထင်ယောင်ထင်မှားဘဲ ရိုက်ခဲ့ရတယ်။
- နောက်ပိုင်း ဒါရိုက်တာက ဒီရုပ်ရှင်ရိုက်ခဲ့တယ့်အတွက် စိတ်မကောင်းဘူးလို့ ပြောခဲ့တယ်။ တိရစ္ဆာန်တွေ သေခဲ့တာအတွက်ရောပေါ့။ မရိုက်ခဲ့ရင်ကောင်းမှာလို့တောင် ပြောခဲ့ပါတယ်။
- နိုင်ငံပေါင်း ၅၀ ကျော်မှာ ပြသပို့ ပိတ်ပင်ခံခဲ့ရပါတယ်။
- ဒီဇာတ်ကားမှာ တိရစ္ဆာန်တွေကို တစ်ကယ်သတ်ခဲ့ပါတယ်။ ပုရွတ်ဆိတ်စားကောင်၊ လိပ်တစ်ကောင်၊ မြွေတစ်ကောင်၊ ပင့်ကူအကြီးတစ်ကောင်၊ ၀က်ကလေးတစ်ကောင်၊ မျောက်နှစ်ကောင် အပါအ၀င်ပေါ့။
![]() |
| ဒါရိုက်တာ Ruggero Deodato |
ဒါကတော့ official movie trailer ပါ။




No comments:
Post a Comment