Saturday, July 30, 2016
မဖြစ်မနေ ကြည့်သင့်သော အကောင်းဆုံး ကိုရီးယားမှုခင်း ဇာတ်ကား ၂၃ ကား (၂)
14. White Night (2009)
ငွေတိုးချေးသူတစ်ယောက် သေနေတာကို ရဲကတွေ့ခဲ့တယ်။ တရားခံကို ရှာမတွေ့တော့ ရဲတွေက အသတ်ခံရသူနဲ့သိတယ့်တစ်ယောက်လုပ်တယ်လို့ ယုံကြည်ကြတယ်။ လူသုံးယောက်ကို သံသယထားခဲ့ကြတယ်။ အမှုက ၁နှစ်ကြာတယ့်အထိ မဖြေရှင်းနိုင်ခဲ့ဘူး။ ၁နှစ်ကြာတွေက သံသယသားကောင်တွေထဲက တစ်ယောက်က တစ်ပုံစံထဲ သေဆုံးနေတာကို တွေ့ခဲ့တယ်။ အမှုကို ကိုင်ခဲ့တယ့် အမှုလိုက်က အနားယူသွားခဲ့ပြီ။
15. The Yellow Sea (2010)
တရုတ်က တက်စီသမားက လောင်းကစားကြောင့် အကြွေးနစ်မွန်းနေတယ်။ သူ့ဇနီးက တောင်ကိုရီးယား အလုပ်သွားလုပ်ပြီး ငွေပို့ပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ သူ့မိန်းမအကြောင်း တစ်နှစ်လောက်မကြားရတော့ စိတ်ပူလာတယ်။ ဒါကြောင့် ကိုရီးယားကို ထွက်လာခဲ့တယ်။
16. The Man from Nowhere (2010)
ဒီဇာတ်ကားက ပုံမှန်ငွေတိုးချေးစားသူတစ်ယောက် မူးယစ်ဆေးဂိုဏ်း၊ လူအင်္ဂါကုန်ကူးသူများလက်ထဲက သူ့ရဲ့တစ်ဉီးတည်းသောမိတ်ဆွေ ကလေးမလေးတစ်ယောက်ကို ကယ်တင်တယ့်အကြောင်းပါ။ ကိုရီးယားရုပ်ရှင်သမိုင်းမှာ အရေးပါဆုံး ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
17. No Mercy (2010)
မှုခင်းဆရာ၀န်တစ်ယောက်က သူ့ရဲ့သားကောင်တွေကို ခေါင်းဖြတ်ရတာကြိုက်တယ့် ကွင်းဆက်သမားကို ထောက်လှမ်းတယ့်အကြောင်းပါ။ ရဲတွေက ဉာဏ်ကောင်းတယ့်လူသတ်သမားကို ဖမ်းမိပေမဲ့ လူသတ်သမားက ဘာမှမဖြေခဲ့ဘူး။ မှုခင်းအရာရှိရဲ့သမီးကလည်း ပျောက်နေခဲ့တယ်။
18. I Saw the Devil (2010) My Favorite One
တောင်ကိုရီးယားအတွက် အလုပ်လုပ်နေတယ့် လျှို့ှက်စုံထောက်က သူဇနီး မှုဒိမ်းကျင့်ခံရပြီး သေနေတာကိုတွေ့ခဲ့တယ်။ လူသတ်ကောင်ကို တွေ့ပေမယ့် လွှတ်ပေးခဲ့တယ်။ ကြိုးရှည်ရှည်နဲ့ လှမ်းထားခဲ့တယ်။ ဒါပေမဲ့ မေးစရာရှိတာက ဒါဟာထိရောက်ရဲ့လား ဆိုတာပါဘဲ။
19. Moss (2010)
သားကို အဖေရဲ့ ရွာကနေ ဖုန်းဆက်ခဲ့တယ်။ မြို့ပြရဲ့အငွေ့အသက်တွေကနေကင်းလွတ်ဖို့ အဖေရဲ့ရွာကို နောက်ဆုံးအနေနဲ့ သွားခဲ့တယ်။ ဒါပေမဲ့ ရွာသားတွေရဲ့ အပြုအမူတွေက ထူးဆန်းနေခဲ့တယ်။ သူက အကြောင်းရင်းကို ရှာခဲ့တယ်။ အမှန်တရားက ဘာလဲ။
20. The Housemaid (2010)
အချစ်အတွက် အသေခံနိုင်လား။ ပီယာနိုဆရာတစ်ယောက်က ကိုယ်၀န်ဆောင်သူ့မိန်းမကိုကူဖို့နဲ့ အိမ်အတွက်အထောက်အကူရဖို့ သူ့တပည့်တစ်ယောက်ကို အိမ်အကူအဖြစ် ငှားခဲ့တယ်။ ဒါပေမဲ့ အနေနီးပြီး အိမ်အကူနဲ့ကလေးရခဲ့တယ်။ အိမ်အကူက မနာလိုဖြစ်ပြီး မိသားစုဘ၀ကိုလိုချင်ခဲ့တယ်။ ဒါပေမဲ့ ဆရာရဲ့မိသားစုဘ၀ကို ဖျက်ဆီးသလိုဖြစ်ခဲ့တယ်။
21. Confession of Murder (2012)
ကွင်းဆက်လူသတ်သမားက သူ့ကိုယ်ရေးအတ္ထုပတ္တိကို ထုတ်ခဲ့ရင် ဘယ်လိုနေမလဲ။ ဉာဏ်ကြီးရှင်က သူကျူးလွန်ခဲ့တယ့် အမှုအားလုံးရဲ့ အသေးစိတ်ကို ဖော်ပြခဲ့တယ်။ ဒါပေမယ့် လူသတ်သမားက နောက်တစ်ယောက်ရှိနေခဲ့တယ်တော့ ဘယ်သူက တစ်ကယ့်လူသတ်သမားလည်းဆိုတာကို ဖော်ထုတ်ရတော့တယ်။
22. Ha-wool-ing (2012)
ရာထူးတိုးချင်နေတယ့်အမှုလိုက်စုံထောက်က သူ့တွဲဖက်နဲ့အတူ လူသတ်မှာတစ်ခုကို လိုက်ခဲ့တယ်။ ဒါပေမဲ့ ရှုပ်ထွေးနေခဲ့တယ်။ အလောင်းမှုရှိတယ့် ဒဏ်ရာကို ခွေး၊ ံပုလွေ ကိုက်ရာနဲ့တူနေခဲ့တယ်။ အမျိုးသမီးအခွင့်အရေးကို ပြသခဲ့တယ့် ဇာတ်ကားတစ်ကားပါ။
23. New World (2013)
လူမိုက်ဂိုဏ်းရဲ့ မိသားစု၀င်တစ်ယောက် သေဆုံးတာကနေ ဇာတ်လမ်းစခဲ့ပါတယ်။ လူမိုက်ဂိုဏ်းနှစ်ခုရဲ့ နေရာလုပွဲ စတင်တော့တယ်။ ဒါပေမဲ့ တတိယတစ်ယောက်က ရှိနေခဲ့တယ်။ ဘယ်သူဗိုလ်စွဲမလဲ။
Reference: moviesdrop
Labels:
Korean
Subscribe to:
Post Comments (Atom)










No comments:
Post a Comment