Saturday, July 30, 2016

မဖြစ်မနေ ကြည့်သင့်သော အကောင်းဆုံး ကိုရီးယားမှုခင်း ဇာတ်ကား ၂၃ ကား (၂)



       14. White Night (2009)

ငွေတိုးချေးသူတစ်ယောက် သေနေတာကို ရဲကတွေ့ခဲ့တယ်။ တရားခံကို ရှာမတွေ့တော့ ရဲတွေက အသတ်ခံရသူနဲ့သိတယ့်တစ်ယောက်လုပ်တယ်လို့ ယုံကြည်ကြတယ်။ လူသုံးယောက်ကို သံသယထားခဲ့ကြတယ်။ အမှုက ၁နှစ်ကြာတယ့်အထိ မဖြေရှင်းနိုင်ခဲ့ဘူး။ ၁နှစ်ကြာတွေက သံသယသားကောင်တွေထဲက တစ်ယောက်က တစ်ပုံစံထဲ သေဆုံးနေတာကို တွေ့ခဲ့တယ်။ အမှုကို ကိုင်ခဲ့တယ့် အမှုလိုက်က အနားယူသွားခဲ့ပြီ။


       15. The Yellow Sea (2010)

တရုတ်က တက်စီသမားက လောင်းကစားကြောင့် အကြွေးနစ်မွန်းနေတယ်။ သူ့ဇနီးက တောင်ကိုရီးယား အလုပ်သွားလုပ်ပြီး ငွေပို့ပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ သူ့မိန်းမအကြောင်း တစ်နှစ်လောက်မကြားရတော့ စိတ်ပူလာတယ်။ ဒါကြောင့် ကိုရီးယားကို ထွက်လာခဲ့တယ်။


       16. The Man from Nowhere (2010)

ဒီဇာတ်ကားက ပုံမှန်ငွေတိုးချေးစားသူတစ်ယောက် မူးယစ်ဆေးဂိုဏ်း၊ လူအင်္ဂါကုန်ကူးသူများလက်ထဲက သူ့ရဲ့တစ်ဉီးတည်းသောမိတ်ဆွေ ကလေးမလေးတစ်ယောက်ကို ကယ်တင်တယ့်အကြောင်းပါ။ ကိုရီးယားရုပ်ရှင်သမိုင်းမှာ အရေးပါဆုံး ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။


       17. No Mercy (2010)

မှုခင်းဆရာ၀န်တစ်ယောက်က သူ့ရဲ့သားကောင်တွေကို ခေါင်းဖြတ်ရတာကြိုက်တယ့် ကွင်းဆက်သမားကို ထောက်လှမ်းတယ့်အကြောင်းပါ။ ရဲတွေက ဉာဏ်ကောင်းတယ့်လူသတ်သမားကို ဖမ်းမိပေမဲ့ လူသတ်သမားက ဘာမှမဖြေခဲ့ဘူး။ မှုခင်းအရာရှိရဲ့သမီးကလည်း ပျောက်နေခဲ့တယ်။


       18. I Saw the Devil (2010) My Favorite One

တောင်ကိုရီးယားအတွက် အလုပ်လုပ်နေတယ့် လျှို့ှက်စုံထောက်က သူဇနီး မှုဒိမ်းကျင့်ခံရပြီး သေနေတာကိုတွေ့ခဲ့တယ်။ လူသတ်ကောင်ကို တွေ့ပေမယ့် လွှတ်ပေးခဲ့တယ်။ ကြိုးရှည်ရှည်နဲ့ လှမ်းထားခဲ့တယ်။ ဒါပေမဲ့ မေးစရာရှိတာက ဒါဟာထိရောက်ရဲ့လား ဆိုတာပါဘဲ။


       19. Moss (2010)

သားကို အဖေရဲ့ ရွာကနေ ဖုန်းဆက်ခဲ့တယ်။ မြို့ပြရဲ့အငွေ့အသက်တွေကနေကင်းလွတ်ဖို့ အဖေရဲ့ရွာကို နောက်ဆုံးအနေနဲ့ သွားခဲ့တယ်။ ဒါပေမဲ့ ရွာသားတွေရဲ့ အပြုအမူတွေက ထူးဆန်းနေခဲ့တယ်။ သူက အကြောင်းရင်းကို ရှာခဲ့တယ်။ အမှန်တရားက ဘာလဲ။


       20. The Housemaid (2010)

အချစ်အတွက် အသေခံနိုင်လား။ ပီယာနိုဆရာတစ်ယောက်က ကိုယ်၀န်ဆောင်သူ့မိန်းမကိုကူဖို့နဲ့ အိမ်အတွက်အထောက်အကူရဖို့ သူ့တပည့်တစ်ယောက်ကို အိမ်အကူအဖြစ် ငှားခဲ့တယ်။ ဒါပေမဲ့ အနေနီးပြီး အိမ်အကူနဲ့ကလေးရခဲ့တယ်။ အိမ်အကူက မနာလိုဖြစ်ပြီး မိသားစုဘ၀ကိုလိုချင်ခဲ့တယ်။ ဒါပေမဲ့ ဆရာရဲ့မိသားစုဘ၀ကို ဖျက်ဆီးသလိုဖြစ်ခဲ့တယ်။


       21. Confession of Murder (2012)

ကွင်းဆက်လူသတ်သမားက သူ့ကိုယ်ရေးအတ္ထုပတ္တိကို ထုတ်ခဲ့ရင် ဘယ်လိုနေမလဲ။ ဉာဏ်ကြီးရှင်က သူကျူးလွန်ခဲ့တယ့် အမှုအားလုံးရဲ့ အသေးစိတ်ကို ဖော်ပြခဲ့တယ်။ ဒါပေမယ့် လူသတ်သမားက နောက်တစ်ယောက်ရှိနေခဲ့တယ်တော့ ဘယ်သူက တစ်ကယ့်လူသတ်သမားလည်းဆိုတာကို ဖော်ထုတ်ရတော့တယ်။


       22. Ha-wool-ing (2012)

ရာထူးတိုးချင်နေတယ့်အမှုလိုက်စုံထောက်က သူ့တွဲဖက်နဲ့အတူ လူသတ်မှာတစ်ခုကို လိုက်ခဲ့တယ်။ ဒါပေမဲ့ ရှုပ်ထွေးနေခဲ့တယ်။ အလောင်းမှုရှိတယ့် ဒဏ်ရာကို ခွေး၊ ံပုလွေ ကိုက်ရာနဲ့တူနေခဲ့တယ်။ အမျိုးသမီးအခွင့်အရေးကို ပြသခဲ့တယ့် ဇာတ်ကားတစ်ကားပါ။


       23. New World (2013)

လူမိုက်ဂိုဏ်းရဲ့ မိသားစု၀င်တစ်ယောက် သေဆုံးတာကနေ ဇာတ်လမ်းစခဲ့ပါတယ်။ လူမိုက်ဂိုဏ်းနှစ်ခုရဲ့ နေရာလုပွဲ စတင်တော့တယ်။ ဒါပေမဲ့ တတိယတစ်ယောက်က ရှိနေခဲ့တယ်။ ဘယ်သူဗိုလ်စွဲမလဲ။

Reference: moviesdrop



Thursday, July 28, 2016

မဖြစ်မနေ ကြည့်သင့်သော အကောင်းဆုံး ကိုရီးယားမှုခင်း ဇာတ်ကား ၂၃ ကား (၁)


  1. Join Security Area (2000)
တောင်၊မြောက်ကိုရီးယား နယ်စပ်မှာ မြောက်ကိုရီးယားစစ်သားနှစ်ယောက် ပစ်သတ်ခံရတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြစ်တင်ကြပြီး အဖြေရှာကြတယ်။ အောက်ခြေကအဖြစ်အပျက်တွေသိဖို့အတွက် ကော်မရှင်တစ်ခုဖွဲ့ပြီး အဲဒီညက အမှန်တစ်ကယ် ဘာဖြစ်ခဲ့လည်းဆိုတာကို အဖြေရှာကြတဲ့ ဇာတ်ကားပါ။

     2. Sympathy for Mr.Vengeance (2002)

အသည်းအစားထိုးဖို့လိုအပ်နေတယ့်အစ်မတစ်ယောက်အတွက် အလုပ်လုပ်နေတယ့် စကားမပြောနိုင်သူတစ်ယောက်အကြောင်းပါ။ ဒေါသထွက်လွယ်တဲ့ လူကလီစာကုန်ကူးသူနဲ့တွေပြီး သဘောတူခဲ့တယ်။ သူက သူ့အသည်းကိုရောင်းပြီး သူ့အစ်မခွဲစိပ်ဖို့ ၁၀သန်းရမယ်လို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံလုံး၀မရခဲ့ဘူး။ ဒါကြောင့် သူကောင်မလေးက သူ့သူ​ဌေးသမီးလေးကို ပြန်ပေးဆွဲဖို့တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ပြီး ကလဲ့စားချေတယ့်လမ်းကြောင်းထဲမှာ ရောက်ခဲ့တော့တယ်။
ဒါရိုက်တာ Park Chan Wook ရဲ့ ၀မ်းနည်းစရာဇာတ်ကားသုံးကားထဲက ပထမဆုံးဇာတ်ကားပါ။


     3. Memories of Murder (2003)

September 15, 1986 and April 3, 1991 အတွင်းဖြစ်ပျက်ခဲ့ပြီး လက်ရှိအချိန်ထိမဖြေရှင်းနိုင်သေးတယ့် ကိုရီးယားကွင်းဆက်လူသတ်သမားအမှုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အသက် ၁၄နှစ်ကနေ ခုနစ်ဆယ့်တစ်နှစ်အတွင်း အမျိုးသမီး ၁၀ ယောက် အသတ်ခံခဲ့ရပါတယ်။ လုံး၀လက်မလွှတ်သင့်တယ့် ဇာတ်ကားတစ်ကားပါ။
    4. Silmido (2003)

တောင်၊မြောက်ကိုရီးယားကြားမှာ ဖြစ်ပျက်ခဲ့တယ့် တစ်ကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ မြောက်ကိုးရီးယားမှာရှိတယ့် ကျွန်းတစ်ကျွန်းပေါ်မှာ သေမိန့်ကြပြီးသား ရာဇ၀တ်သား ၃၁ ယောက်ကို မြောက်ကိုးရီးယားထဲသူလျှိုအနေနဲ့၀င်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးစကားဆိုဖို့ဖြစ်လာတော့ သူတို့ကို အပျောက်ရှင်းဖို့ အမိန့်ကျလာခဲ့တယ်။ မှတ်တမ်းတွေပါ ဖျောက်ခိုင်းခဲ့ပါတယ်။


    5. Oldboy (2003)

ပုံမှန်ဘ၀၊ ပုံမှန်မိသားစုနဲ့ မိသားစုကို ဖြတ်သန်းနေတယ့်လူတစ်ယောက် သေတ္တာပုံစံ အခန်းငယ်ထဲမှာ ၁၅နှစ် ပိတ်လှောင်ခံခဲ့ရတယ်။ သူလွတ်လာတော့ သူ့ကို အဲဒီလိုချုပ်နှောင်ခဲ့တယ့်လူကို လိုက်ရှာခဲ့တယ်။ ဘာကြောင့် ပိတ်လှောင်ခံခဲ့ရလည်းဆိုတယ့်အဖြေကို ရှာချင်လို့၊ ဒါပေမဲ့ သူ့မေးခွန်းက မှန်ရောမှန်ရဲ့လား။ ဒီဇာတ်ကားမှာ ထိတ်လန့်စရာအခန်းတွေအများအပြားပါ၀င်လို့ အနည်းဆုံး ၁၇နှစ် အထက်မှ ကြည့်ခွင့်ပြုထားပါတယ်။ Choi Min Sik  ရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားပါ။


     6. Antarctic Journal (2005)

ကြောက်လန့်စရာ ဇာတ်ကားတစ်ကားပါ။


     7. Sympathy for Lady Vengeance (2005)

လီဂွန်ဂျာက ပြန်ပေးဆွဲခြင်းအတွက် ၁၃နှစ်နဲ့ လူသတ်မှုအတွက် ၆ နှစ် ထောင်ချခဲ့ရပါတယ်။ သူလွတ်လာမယ့်အချိန်မှာ သူ့အပေါ်ဒီလိုလုပ်ခဲ့သူတွေကို ရှာခဲ့တယ်။ သူ့သမီးနဲ့ထောင်ကျဖော်ကျဖက်တွေက ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုလက်စားချေခြင်းဟာ သူ့အတွက် စိတ်သက်သာရာရစေမှာလား။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။


      8. A Bittersweet Life (2005)

လူဆိုးဂိုဏ်းထဲမှာတော့ ဆရာကြီးက အမြဲမှန်တယ်။ လီဗျောင်ဟွန်းရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားပါ။


      9. A Dirty Carnival (2006)

ကိုရီးယားဂိုဏ်းစတားဇာတ်ကားတွေထဲက အကောင်းဆုံးတစ်ကားပါ။


      10. A Bloody Aria (2006)

နွေဉီးရာသီမှာ အော်ပရာအဆိုတော် မိန်းကလေးတစ်ယာက်က သူ့ပရောဖက်ဆာနဲ့အတူ သုံးယောက်အတူသွားကြတယ်။ ပရော်ဖက်ဆာက မိန်းကလေးမလှမှာနစ်မြောပြီး အခွင့်အရေးယူတယ်။ ဒါပေမဲ့ လွတ်သွားတယ်။ တောထဲမှာလူနှစ်ယောက်နဲ့တွေ့ပြီး ကြွက်နဲ့ကြောင် ကစားကွက်ထဲ ၀င်ခဲ့တယ်။


      11. Voice of a Murderer (2007)

နာမည်ကြီးသတင်းကြေငြာသူတစ်ယာက်ရဲ့သားဟာ ပြန်ပေးဆွဲခံရတယ်။ ပြန်ပေးက မိဘတွေက ငွေပေးရမယ့်နေရာကို ပြောခဲ့တယ်။ မိဘတွေက ဒီဖြစ်စဉ်တွေနဲ့ အတွေ့အကြုံရှိပြီးသားပါ။ ဒါပေမဲ့ ပြန်ပေးက သူတို့ရဲ့ခြေလှမ်းတိုင်းကို သိနေခဲ့တယ်။


      12. The Chaser (2008)

တောင်ကိုရီးယားမှာ အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့တယ့် ကွင်းဆက်လူသတ်သမားအကြောင်းကို ရိုက်ကူးထားတာပါ။ အငြိမ်းစားအမှုလိုက်က ဇိမ်ခေါင်းအဖြစ် အလုပ်လုပ်နေတယ်။ သူ့ရဲ့ကောင်မလေးအချို့က ပျောက်နေခဲ့တယ်။ သူက ဖောက်သည်တစ်ယောက်တည်းဆိုတာကို နားလည်လိုက်တယ်။


       13. Mother (2009)

သားကိုအရမ်းချစ်တယ့်အမေတစ်ယောက်အကြောင်းရိုက်ထားတာပါ။

Reference: moviesdrop

Wednesday, July 27, 2016

Cannibal Holocaust (လူသားစားသူတို့နှင့်ကပ်ဆိုက်သူများ)


လူသားစားသူတို့နှင့်ကပ်ဆိုက်သူများရုပ်ရုင်က အမေဇုန်မိုးသစ်တောအတွင်းရှိ လူသားစုမျိုးနွယ်စုတွေအကြောင်း မှတ်တမ်းတင်ရိုက်ကူးရင်း ပျောက်ဆုံးသွားသော အဖွဲ့သားတွေကို ပြန်လည်ရှာဖွေတဲ့အကြောင်း ရိုက်ကူးထားတာပါ။
    ဒါရိုက်တာ  Ruggero Deodato
  1. ရုပ်ရှင်ကို အီတလီနိုင်ငံမီလန်မြို့မှာဖြန့်ချိပြီး ၁၀ရက်အကြာမှာ ဒါရိုက်တာတစ်ယောက် အီတလီတရားရုံးက ဖမ်းဆီခြင်းခံခဲ့ရပါတယ်။ ရုပ်ရှင်က ညစ်ညမ်းတဲ့ပြစ်မှုနှင့်အတူ တရားစွဲဆိုခံခဲ့ရပါတယ်။ သရုပ်ဆောင်အများအပြားသေခဲ့ရတယ်လို့ စွပ်စွဲပြီး ထောင်ချခဲ့ပါတယ်။ သရုပ်ဆောင်သူတွေက သူတို့ရုပ်ရှင်ထဲကလို သေတယ်လို့ထင်ဖို့အတွက် ရုပ်ရှင်မရိုက်ခင် စာချုပ်ချုပ်ခဲ့ရပါတယ်။ ရုပ်ရှင်ပြပြီး တစ်နှစ်အတွင်း ပုံးကွယ်နေဖို့ပါ။ ဒါ ကြောင့် သရုပ်ဆောင်တွေကို အမြန်ရှာခိုင်းပြီး ပြန်တွေ့တော့မှ လူသတ်မှုစွပ်စွဲချက်ကနေ လွတ်ခဲ့ပါတယ်။
    မီးကင်နေပုံ
  2. ၁၉၈၃ ဂျပန်မှာ E.T.the Extra နောက် ဒုတိယ ၀င်ငွေအများဆုံးဇာတ်ကား ဖြစ်ခဲ့ပါတယ်။                    
    တံလျှင်လျှိုခံနေရပုံ 
  3. ရုပ်ရှင်ပိုစတာက မိန်းကလေးတစ်ယောက် တံလျှင်လျှိုခံနေရတယ့်ပုံပါ။ မိန်းကလေးက စက်ဘီးပေါ်မှာထိုင်နေပြီး သစ်သားချောင်းကို ပါးစပ်မှာ တင်ထားပြီး သွေးအတုတွေ လွှမ်းလိုက်တဲ့ပုံအဖြစ် ရိုက်ထားတာပါ။
    ခြေထောက်ဖြတ်နေပုံ
  4. အဓိကသရုပ်ဆောင်ကို အမေဇုန်တောနက်ထဲရောက်တော့ ဇာတ်ညွှန်းလည်းမပေး၊ ဘာဇာတ်ကားလည်းဆိုတာတောင် မသိဘူး။ ဒါရိုက်တာ ဒါက ငါ့ရဲ့လူဘဲ၊ မိတ်ကပ်လိမ်း စတော့လို့ပြောပြီး ခြေထောက်ဖြတ်ခံရတဲ့အပိုင်းစရိုက်ခဲ့တယ်။                                                                                       
    ဉီးနှောက်လှီးနေပုံ
  5. ဒါရိုက်တာက လူဉီးနှောက်အစား မျောက်ဉီးနှောက်အတုတွေကို ဒေသခံတွေကို စားခိုင်းခဲ့တယ်။
  6. လိင်ဆက်ဆံတဲ့အခန်းမှာ Francesca Ciardi က တောရဲ့အလယ်သွားပြီး Carl Gabriel Yorke ကို လာလုပ်ကြစို့လို့ ပြောပေမဲ့ ရည်းစားရှိလို့ ငြင်းခဲ့တယ်။ ဒါကြောင့် ထင်ယောင်ထင်မှားဘဲ ရိုက်ခဲ့ရတယ်။
  7. နောက်ပိုင်း ဒါရိုက်တာက ဒီရုပ်ရှင်ရိုက်ခဲ့တယ့်အတွက် စိတ်မကောင်းဘူးလို့ ပြောခဲ့တယ်။ တိရစ္ဆာန်တွေ သေခဲ့တာအတွက်ရောပေါ့။ မရိုက်ခဲ့ရင်ကောင်းမှာလို့တောင် ပြောခဲ့ပါတယ်။
  8. နိုင်ငံပေါင်း ၅၀ ကျော်မှာ ပြသပို့ ပိတ်ပင်ခံခဲ့ရပါတယ်။
  9. ဒီဇာတ်ကားမှာ တိရစ္ဆာန်တွေကို တစ်ကယ်သတ်ခဲ့ပါတယ်။ ပုရွတ်ဆိတ်စားကောင်၊ လိပ်တစ်ကောင်၊ မြွေတစ်ကောင်၊ ပင့်ကူအကြီးတစ်ကောင်၊ ၀က်ကလေးတစ်ကောင်၊ မျောက်နှစ်ကောင် အပါအ၀င်ပေါ့။

ဒါကတော့ official movie trailer  ပါ။